Diamond Palace Travel and Tours Co., Ltd.
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ တရားဝင်လုပ်ငန်းလိုင်စင်ဖြင့် ပြည်တွင်း/ပြည်ပ ခရီးစဉ်များ၊ လေယာဉ်လက်မှတ် ဝန်ဆောင်မှုများနှင့် (၁၆) နှစ်တိုင်တိုင် စဉ်ဆက်မပြတ် သီးသန့် အထူးစီစဉ် တင်ဆက်ပေးနေသည့် နာဂဒေသ ခရီးစဉ် (Naga Tours) ဝန်ဆောင်မှုများကို စနစ်တကျ တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်။
၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Diamond Palace Travel and Tours Co., Ltd. သည် ပြည်တွင်း/ပြည်ပ ခရီးစဉ်များနှင့် လေယာဉ်လက်မှတ် ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျ လည်ပတ်ဆောင်ရွက်ပေးလျက် ရှိပါသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ တရားဝင် အသိအမှတ်ပြု ခွင့်ပြုချက်ရရှိထားပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (Myanmar Tourism Federation) ၏ အဖွဲ့ဝင်လည်းဖြစ်သည့် အဆိုပါကုမ္ပဏီသည် ရန်ကုန်မြို့တွင် အခြေစိုက်ကာ လျင်မြန်စွာ အောင်မြင်တိုးတက်နေသော ထိပ်တန်းခရီးသွားလုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
ယုံကြည်စိတ်ချရသော ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုအဖွဲ့အစည်းအဖြစ် ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ စိတ်လှုပ်ရှားဖွံ့ဖြိုးစရာ အကောင်းဆုံးနှင့် အထင်ကရ အလှပဆုံးသော ခရီးစဉ်ဒေသများသို့ သွားရောက်မည့် ခရီးစဉ်များကို အထူးပြု စီစဉ်ပေးလျက်ရှိပါသည်။ ကုမ္ပဏီ၏ အထူးခြားဆုံး အမှတ်သညာပြု ခရီးစဉ် (Signature Product) မှာ Diamond Palace မှ (၁၆) နှစ်တိုင်တိုင် စဉ်ဆက်မပြတ် သီးသန့် အထူးစီစဉ် တင်ဆက်ပေးနေသည့် နာဂဒေသ ခရီးစဉ် (Naga Tour) ဝန်ဆောင်မှုပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အနောက်ဘက်စွန်းဒေသတွင် တည်ရှိသော နာဂဒေသသည် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များနှင့် ထူးခြားဆန်းပြားသော လူနေမှုဟန်ပန်ရှိသည့် ကျေးရွာများ၊ ဒေသရိုးရာ အနုပညာလက်မှုပညာရပ်များနှင့် စိမ်းလန်းစိုပြေလှပသော သဘာဝတောင်တန်းကြီးများ တည်ရှိရာ နယ်မြေတစ်ခု ဖြစ်ပါသည်။ ကမ္ဘာလှည့်ခရီးသွားများသည် စွန့်စားမှုအပြည့်ရှိသော မော်တော်ကားလမ်းခီးစဉ်များနှင့် တောင်တက်ခရီးစဉ်များကို ဆင်နွှဲရန် ဤဒေသသို့ လာရောက်ကြပြီး၊ ကမ္ဘာပေါ်တွင် အလွန်ရှားပါးလှသည့် သဘာဝတရားကြီး၏ အလှအပနှင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် နီးကပ်စွာ ထိတွေ့ခံစားနိုင်ရန်အတွက် လာရောက်လည်ပတ် အပန်းဖြေလေ့ ရှိကြပါသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ကောက်ပဲသီးနှံများ ရိတ်သိမ်းအပြီး ဇန်နဝါရီလလယ်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ဤကဲ့သို့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အချိန်အခါသမယတွင် ရောက်ရှိလာသော ဧည့်သည်တော်များနှင့် မိတ်ဆွေအပေါင်းအား မိမိတို့၏ ဝမ်းမြောက်ပျော်ရွှင်မှုများကို ဖော်ရွေပျူငှာစွာ မျှဝေဆင်နွှဲကြခြင်းမှာ လှပဆန်းပြားလှသည့် နာဂလူမျိုးတို့၏ အစဉ်အလာကောင်းတစ်ခုပင် ဖြစ်ပါသည်။
(၁၆) နှစ်တာ သမိုင်းကြောင်းနှင့် သီးသန့် ခရီးစဉ်လမ်းကြောင်းတစ်ခု
လုပ်ငန်းစတင်တည်ထောင်ချိန်ကတည်းကပင် Diamond Palace မှ သီးသန့်အထူးစီစဉ်ပေးခဲ့သော ခရီးစဉ်များအတွင်း မှတ်တမ်းတင် ရိုက်ကူးထားသည့် မြန်မာနိုင်ငံအနောက်ဘက်စွန်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ရင်သပ်ရှုမောဖွယ် အလှပြင်ကွင်းများ။
မည်သည့်ဘောင်ကိုမဆို အပြည့်အစုံကြည့်ရှုရန် ရွေးချယ်ပါ
“နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ကောက်ပဲသီးနှံများ ရိတ်သိမ်းအပြီး ဇန်နဝါရီလလယ်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။”